၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက် ညနေ ၃ နာရီအချိန်လောက်က ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှာကျင်းပခဲ့ပါတယ်။
တရုတ်နဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ယဉ်ကျေးမှုဖလှယ်တဲ့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္ပတနိုင်ငံသံရုံး၊ China Media Group-CNTN Myanmar နဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့ပူးပေါင်းပြီး တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်ကို ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာနဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူးကြီး Dr. Zheng Zhihong တို့ တက်ရောက်ခဲ့ကြပါတယ်၊၊ အဲဒီ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာလ ၂၀ ရက်ကနေ ၂၄ ရက်အထိ ၅ ရက်တိုင်တိုင် တရုတ်ယဉ်ကျေးမှုစင်တာမှာ ညနေ ၃ နာရီအချိန်မှာ အခမဲ့ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊
ပြသမယ့်ဇာတ်ကားတွေကတော့ သိပ္ပံနည်းပညာဇာတ်ကားအမျိုးအစားတွေဖြစ်တဲ့ “ကမ္ဘာလမ်းကြောင်းလွှဲစီမံကိန်း-၁”၊ ကမ္ဘာလမ်းကြောင်းလွှဲ စီမံကိန်း-၂”၊ animation Carton “သမိုင်းထဲကချန်အန်း”၊ မှတ်တမ်းရုပ်ရှင်ဇာတ်ကားအမျိုးအစားဖြစ်တဲ့ “စိတ်ဝိညာဉ်နားခိုရာဆီသို့” နဲ့ “ငှက်တို့ဇာမဏီ” ဇာတ်ကားတွေဖြစ်ပါတယ်။
အဲဒီဇာတ်ကား(၅)ကားကို ကြည့်ရှုချင်တဲ့သူတွေအနေနဲ့ မိမိတို့ကြည့်ရှုလိုတဲ့ဇာတ်ကားအတွက်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိရှိလိုရင် Hot line ဖုန်းနံပါတ်ဖြစ်တဲ့ 09- 951982573 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့သိရပါတယ်။