“Thai Festival 2025” ပွဲတော်ကြီးကို ရန်ကုန်မြို့ Novotel Yangon Max Hotel Ballroom မှာ လာမယ့် ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဦးဆောင်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။ပွဲတော်ကြီးကိုတော့ True-Dtac , Myanmar Airways International (MAI) နဲ့ Novotel Yangon Max Hotel တို့က အထူးစပွန်ဆာအဖြစ် ပံ့ပိုးကူညီပေးထားပြီး ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့၊ ထိုင်းစီးပွားရေးသံရုံးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း၊ ထိုင်း-မြန်မာ စီးပွားရေးကောင်စီ၊ GMM Grammy၊ ONE 31 and GMMTV တို့က ပူးပေါင်းပါဝင် ကူညီပေးထားတယ်လို့ သိရပါတယ်။

ပွဲတော်ကြီးမှာတော့ ထိုင်းအစားအစာတွေနဲ့ ဖျော်ရည်တွေ၊ အလှကုန်ပစ္စည်းတွေနဲ့ ဖက်ရှင်တွေ၊ ခရီးသွားဝန် ဆောင်မှုတွေ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မယ့် ပက်ကေ့ချ်တွေနဲ့ ထိုင်းအနုပညာ ဆိုင်ရာ ပစ္စည်းတွေကို ဆိုင်ခန်းပေါင်း ၆၀ ဝန်းကျင်နဲ့ ခင်းကျင်းပြသပေးသွားမှာ ဖြစ်ပါတယ်။ပွဲတော်ကာလ အတွင်းမှာလည်း ထိုင်းခေတ်ပေါ်အကအလှတွေ၊ ထိုင်းအစားအစာ ချက်ပြုတ်နည်း ပြသမှုတွေ အပြင် မကြာခင် ကြေညာပေးသွားမယ့် ထိုင်းအနုပညာရှင် တစ်ယောက်နဲ့ မြန်မာအနုပညာရှင် နှစ်ယောက်တို့ရဲ့ အထူးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက်(Live) ဖျော်ဖြေတင်ဆက်မှုတွေမှာတော့ ထိုင်းနာမည်ကျော် အနုပညာရှင်တွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 1 ရဲ့ Winner ဖြစ်တဲ့ “ Baron Hayne” တို့ကလည်း ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ကိုလည်း “ Thai Festival 2025 ” ပွဲတော်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး Winner ဆုရရှိသူကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၂၀၀ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။