Miss Universe Myanmar 2025 နောက်ဆုံးဖိုင်နယ် ပြိုင်ပွဲကို လာမယ့် ဇွန် ၂၇ ရက်မှာ ရန်ကုန်မြို့ သာကေတ မြို့နယ်မှာရှိတဲ့ Myanmar Expo မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပဏာမပွဲစဉ်တစ်ခုဖြစ်တဲ့ National Costume ပြိုင်ပွဲကိုတော့ ဇွန် ၁၈ ရက်မှာ Novotel Hotel မှာ ကျင်းပသွားမှာပါ။

ပြိုင်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မေ(၂၁)ရက်၊ ညနေပိုင်းက Novotel Hotel မှာ ပြုလုပ်ခဲ့ပါတယ်။သတင်းစာ ရှင်းလင်းပွဲမှာ Miss Universe Myanmar 2025 ပြိုင်ပွဲဝင် အလှမယ်တွေကို တာဝန်ရှိသူတွေက မြို့ကိုယ်စားပြု စလွယ်တွေ ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် Miss Universe Myanmar 2025 ဆုရ အလှမယ်ကို ပေးအပ်မယ့် နဝရတ် ကိုးပါးနဲ့ ပြုလုပ်ထားတဲ့ သရဖူကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဇွန်လမှာကျင်းပမယ့် Miss Universe Myanmar 2025 ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အလှမယ် (၃၅)ယောက် ပါဝင် ယှဉ်ပြိုင် ကြမှာဖြစ်ပြီး အဲဒီထဲက အနိုင်ရတဲ့ အလှမယ်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၇၄)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။