IKO Myanmar (International Karate Organization Myanmar) က ကြီးမှူးကျင်းပတဲ့ IKO Kids@youths championships Myanmar and IKO Weight Category Championships Myanmar 2025 ကရာ တေးဒို ပြိုင်ပွဲကို မေလ(၂၅)ရက်က ရန်ကုန်မြို့ MCC Convention Center ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ကရာတေးအားကစားနည်းဟာကိုယ်ခံပညာရပ်တစ်ခုဖြစ်တယ်ဆိုတာကလေးငယ်တွေကိုသင်ကြားရင်းနဲ့အားကစားတစ်ခုလိုမျိုးကစားလို့ရတယ်ဆိုတာကိုပြသချင်တာနဲ့ဒီကစားနည်းနဲ့နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်နဲ့ပြိုင်ပွဲကျင်းပပေးတာဖြစ်တယ်လို့ IKO Myanmar မှ တာဝန်ခံ ဦးမင်း လွင်က ပြောပါတယ်။

ပြိုင်ပွဲကို သက်ကြီးတန်းနဲ့သက်ငယ်တန်းဆိုပြီး နှစ်မျိုးခွဲခြားကျင်းပတာ ဖြစ်ပါတယ်။သက်ငယ်တန်းမှာ အသက်ငါးနှစ်အထက်ကလေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး သက်ကြီးတန်းမှာ အသက် (၁၈) နှစ် အထက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။အခုနှစ်မှာဆိုရင် ပြိုင်ပွဲဝင်(၁၆၀) ကျော် ပါဝင်ယှဉ်ပြိုင်ကြတယ်လို့ ဆိုပါတယ်။ပြိုင်ပွဲမှာ ပထမ၊ ဒုတိယနှစ်ဆုသာ သတ်မှတ်ပြီး ငွေကြေးချီးမြှင့်တာမဟုတ်ဘဲ ဒိုင်းဆုကိုချီးမြှင့်တာပါ။အခုဆုရတဲ့ကလေးတွေအနေနဲ့နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

အခုအခါ ကရာတေးဒိုအားကစားနည်းကို လူငယ်အများအပြားစိတ်ဝင်စားမှု ပိုများလာပြီး အဲဒီထဲမှာ အမျိုး သမီးတွေ စိတ်ဝင်စားပြီး သင်တန်းတက်ရောက်တာ များလာတယ်လို့ဆိုပါတယ်။IKO Myanmarရဲ့ ကရာတေးဒိုကစားနည်းဟာ အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ရတာမဟုတ်ဘဲ ကစားနည်းနဲ့ ယှဉ်ပြိုင် ရတာဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ကစားတဲ့သူတွေအနေနဲ့ သက်လုံကောင်းဖို့ လိုအပ်သလိုခံနိုင်ရည်လည်းရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုပြိုင်နိုင်ဖို့အတွက်လည်း လပေါင်းများစွာ လေ့ကျင့်ပေးရတယ်လို့ သိရပါတယ်။