(၇၁)ကြိမ်မြောက် Bangkok Gems and Jewelry Fair ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို Queen Sirikit National Convention Center မှာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ကစတင် ဖွင့်လှစ်လိုက်ပါတယ်။

ဒီပွဲကို ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကြီးကြပ်မှုနဲ့ ကျင်းပခဲ့တာဖြစ်ပြီး နှစ်ပေါင်း(၄၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန DITP၊ ထိုင်းနိုင်ငံကျောက်မျက်ဆိုင်ရာအဖွဲအစည်းGITတိုကပူးပေါင်းစီစဉ်ကျင်းပခဲ့တာပါ။ကမ္ဘာ့ကျောက်မျက်ရတနာဈေးကွက်ရဲ့ Platformတစ်ခုဖြစ်စေဖို၊ ထိုင်းနိုင်ငံမှတစ်ဆင့် ကျောက်မျက်ရတနာလုပ်ငန်း တွေအတွက် အခွင့်အလမ်း တွေရရှိစေဖို၊ အာရှဒေသရဲ့ ကျောက်မျက်ရတနာကုန်သွယ်မှုကဏ္ဍမှာ အချက်အချာကျစွာ ဆောင်ရွက်ပေးနိုင်စေဖို စတဲ့ ရည်ရွယ်ချက်တွေနဲ့ကျင်းပပြုလုပ်တာဖြစ်တယ်လို ပြပွဲတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ဒီပွဲဟာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုများပြားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုရဲ့ နာမည် ကျော်ပြပွဲတစ်ခုဖြစ်သလို ထိုင်းနိုင်ငံရဲ့ SME လုပ်ငန်းတွေနဲ့ ပြည်ပနိုင်ငံအသီးသီးက လုပ်ငန်း တွေကို ဆက်စပ်စေနိုင်စေဖိုနဲ့ ကျောက်မျက်ရတနာဒီဇိုင်းတွေကိုတစ်နေရာတည်းမှာ လေ့လာနိုင်စေဖို ရည်ရွယ်တာလိုသိရပါတယ်။

ကျောက်မျက်ရတနာတွေအနေနဲ့ တွင်းထွက်တွေ၊ ရှေးဟောင်းဒီဇိုင်းပုံစံတွေနဲ့ ခေတ်မီဆန်းသစ်တဲ့လက်ဝတ်ရတနာတွေ၊ ရွှေထည်၊ငွေထည်၊ စိန်၊ ပတ္တမြား၊ ပုလဲ ၊မြ စတဲ့ လုံးချောကျောက်တွေ၊အသုံးအဆောင်ပစ္စည်းတွေ၊ကျောက်မျက်ရတနာအချောထည်လုပ်ငန်း တွေအတွက် အသုံးပြုစက်ပစ္စည်းကိရိယာတွေ နဲ့ ကျောက်မျက်ရတနာထုတ်ပိုးမှုပုံစံတွေကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီပွဲဟာ ဖေဖော်ဝါရီလနဲ့ စက်တင်ဘာလတွေမှာ တစ်နှစ်ကိုနှစ်ကြိမ်ကျင်းပလေ့ရှိပြီး မြန်မာအပါအဝင်အိန္ဒိယ တရုတ် ဂျပန် သီရိလင်္ကာ ကမ္ဘောဒီးယား ဟောင်ကောင် တူကီယဲ စတဲ့ကမ္ဘာ့နိုင်ငံများစွာပါဝင်ပြသကြတာဖြစ်ပါတယ်။ အခုနှစ် ၇၁ကြိမ်မြောက် ပြပွဲမှာတော့ ပြခန်းပေါင်း ၂၆၂၈ခန်းပါဝင်ပြသထားသလို လာရောက်ကြည့်ရှုသူဦးရေရေ(၄၀၀၀၀)ခန့်ရှိပါတယ်။ထိုင်းနိုင်ငံဟာ အာရှကျောက်မျက်ရတနာဈေးကွက်မှာ အဓိကလည်ပတ်နေတဲ့နိုင်ငံဖြစ်ပြီး ဒီပွဲကနေ နိုင်ငံအသီးသီးရဲ့ ကျောက်မျက်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဖလှယ်နိုင်မှာဖြစ်သလို ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှုတန်ဖိုးကိုလည်း ဘတ် ၃၅၀ဘီလီယံအထိတိုးမြှင့်နိုင်မယ်လိုခန့်မှန်းထားပါတယ်။(၇၁)ကြိမ်မြောက် Bangkok Gems and Jewelry Fairကိုတော့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။