ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပနေတဲ့ အာရှထိပ်တန်းကုန်စည်ပြပွဲ THAIFEX – HOREC ASIA 2025 မှာ မြန်မာ့ထုတ်ကုန်တွေ ပါဝင်ပြသနေပါတယ်။ ပြပွဲကိုတော့ ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DITP)၊ ထိုင်းကုန်သည်ကြီးများအသင်း(TCC) နဲ့ ဂျာမနီနိုင်ငံက Koelnmesse (KM)တို့ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။ အဲဒီပြပွဲမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ ကုမ္ပဏီပေါင်း၄၆၀ က ပါဝင်ပြသနေတာဖြစ်ပါတယ်။

မြန်မာ့ထုတ်ကုန်တွေ ပါဝင်ပြသရာမှာ ကော်ဖီကို စိတ်ဝင်တစားရှိကြပြီး နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေ ရရှိတယ်လို့ lluvia မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ မသူသူဝင်းက ပြောပါတယ်။ အာရှထိပ်တန်းကုန်စည်ပြပွဲ THAIFEX – HOREC ASIA 2025 မှာ မုန့်ဖုတ်လုပ်ငန်းနဲ့ ရေခဲမုန့်၊ ကော်ဖီနဲ့ ဘား၊ ပရိဘောဂနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အဝတ်လျှော်စက်ပစ္စည်းတွေ ပြသထားပြီး ပြပွဲရက်တွေအတွင်း ကျွမ်းကျင် သူတွေဦးဆောင်တဲ့ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခွင့် အလမ်း အစုံအလင်ပါ၀င်တဲ့ အစီအစဉ်တွေအပြင် ချက်ပြုတ်သရုပ်ပြမှုတွေလည်း ပါဝင်ပါတယ်။

အခုကျင်းပတဲ့ အာရှထိပ်တန်းကုန်စည်ပြပွဲဟာ ဒုတိယအကြိမ်မြောက် ကျင်းတာဖြစ်ပြီး ပြပွဲကို မတ်လ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။