ငလျင်ဘေးသင့်ပြည်သူတွေ လွတ်လပ်စွာဝယ်ယူနိုင်ဖို့အတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းတွေကို မေလ ၁၂ ရက်ကနေ ၁၈ ရက်အထိ နေပြည်တော် တပေါင်းအတွင်းမှာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရောင်းချပေးတာကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က ဦးဆောင်ပြီး မြန်မာနိုင်ငံ သမဏိလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေ ထုတ်လုပ်သူများအသင်းနဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။