ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့လှူဒါန်းနိုင်ဖို့ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)မှာ ဧပြီလ ၈ ရက် မနက်ပိုင်းက ရန်ပုံငွေပန်းချီပြပွဲ ပြုလုပ်နေပါတယ်၊၊အဲဒီပြပွဲကိုတော့ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပတာဖြစ်ပြီး ဧပြီလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းအကြားရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှာ ပြုလုပ်နေတာဖြစ်ပါတယ်၊၊

ပြပွဲမှာတော့ ပန်းချီဆရာကြီး ၁၀၉ ယောက်ရဲ့ ပန်းချီကားအချပ်ပေါင်း ၁၃၃ ကား ပါဝင်ပြသနေပြီး ပန်းချီကား အမျိုးအစား အစုံအလင် ပါဝင်ရောင်းချတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရိုးရာပန်း ပညာရှင်များ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးသစ်လွင်စိုးက ပြောပါတယ်၊၊ အခုလိုရောင်းချတဲ့အခါမှာလည်း ပန်းချီဆရာကြီးတွေက ပန်းချီကားရဲ့ မူလရောင်းတဲ့စျေးနှုန်းထက် များစွာ စျေးနှုန်းလျော့ချပြီးရောင်းချနေတာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ပန်းချီဌေးအောင်ကပြောပါတယ်၊၊

ဒါ့အပြင် ရန်ပုံငွေပန်းချီပြပွဲကရရှိတဲ့ ရန်ပုံငွေတွေကိုတော့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေမှာ ပျက်စီးခဲ့ရတဲ့ သာသနာရေးအဆောက်အအုံတွေကိုအဓိကထားလှူဒါန်းမှာဖြစ်သလို ငလျင်ကြောင့်ပျက်စီးခဲ့ရတဲ့ ပန်းချီလောက သားတွေကိုလည်းထောက်ပံ့သွားမှာဖြစ်ပြီး ဒါ့အပြင် တစ်ခြားငလျင်ဘေးသင့်ပြည်သူတွေအတွက်လည်း လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊