မြန်မာ-တရုတ်ချစ်ကြည်ရေးပန်းချီပြပွဲကို ရန်ကုန်မြို၊ ဗိုလ်တထောင်မြိုနယ်၊ ဗိုလ်မြတ်ထွန်းတာဝါမှာမေလ(၃၁)ရက်နေ့ကစပြီးဇွန်လ(၄)ရက်နေ့အထိ ငါးရက်တာပြုလုပ်နေပါတယ်။

အခုပန်းချီပြပွဲကို မြန်မာ-တရုတ်ရင်းနှီးချစ်ကြည်ရေး တိုးတက်လာဖိုနဲ့ပန်းချီပညာရပ်တွေ ပူးပေါင်းဖလှယ်နိုင်ဖိုရည်ရွယ်ချက်နဲ့ပြုလုပ်တာဖြစ်ပြီး ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လိုသိရပါတယ်။ပြပွဲမှာ မြန်မာပန်းချီဆရာတွေရဲ့ဆီဆေး၊ ရေဆေး၊ မော်ဒန်ပန်းချီတွေအပြင် တရုတ်ပန်းချီဆရာတွေရဲ့စာပန်းချီတွေကိုလည်းချိတ်ဆွဲပြသထားပါတယ်။ပန်းချီပြပွဲမှာပြသထားတဲ့ တရုတ်စာပန်းချီတွေဟာဆိုရင် ခွန်အားဖြစ်စေတဲ့စာစုတွေကို ရေးခြယ်ထားတာဖြစ်ပြီး ပန်းချီတစ်ခုစီမှာ အဓိပ္ပယ်တစ်ခုစီရှိတယ်လို မြန်မာ-တရုတ်စာပန်းချီအဖွဲဥက္ကဋ္ဌ ဦးမော်လီရွှေကပြောပါတယ်။

ပန်းချီကားချပ်တွေအပြင်နံ့သာဖြူနဲ့ထုလုပ်ထားတဲ့ပန်းပုရုပ်တွေ၊ သစ်မွှေးနဲ့ထုလုပ်ထားတဲ့ ပန်းပုရုပ်လေးတွေကိုလည်း ပြသထားတာကို တွေ့ရပါတယ်။ပြပွဲမှာပြသထားတဲ့ ပန်းချီကားချပ်တွေနဲ့ ပန်းပုရုပ်ထုတွေကိုရောင်းချပေးသွားမှာဖြစ်ပြီး ကျပ်ငါးသိန်းကနေ ကျပ်ဆယ်သိန်းအထိဈေးရှိတယ်လို သိရပါတယ်။ရောင်းချလိုရတဲ့ငွေတွေကိုတရုတ်လက်ရေးလှပြိုင်ပွဲအတွက်လှုဒါန်းသွားမှာဖြစ်တယ်လို ဆိုပါတယ်။မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှုဟာ အခုလာမဲ့ ဇွန်လ၈ရက်မှာ ၇၅နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။