ပဲခူးတိုင်းဒေသကြီးမှာ မြန်မာ့သနပ်ခါးလိမ်းခြယ် ပြိုင်ပွဲကို လာမယ့် မတ်လအတွင်း ကျင်းပသွားမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရွှေမောဓောဘုရားလမ်းရှိ ကားပါကင်နေရာမှာ မတ်(၈)ရက်ကနေ (၁၄)ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော် ကျင်းပပြုလုပ်ရတာဟာ မြန်မာ့သနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းတင်သွင်းတော့မှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ပြသနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။ပွဲတော်ရက်တွေအတွင်း ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲတွေလည်း ပါဝင်သွားမှာဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ ဈေးရောင်းပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရ ပါတယ်။