မီးစက်နဲ့ ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲ ၂၀၂၅ ကို ဇန်နဝါရီလ ၁၀ ရက်က စတင်ပြီး ရန်ကုန် ကွန်ဗန်း ရှင်းစင်တာမှာ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီကုန်စည်ပြပွဲရဲ့ တာဝန်ရှိတစ်ယောက်က One News ကို ပြောပါတယ်၊၊ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်၊၊

ပြပွဲမှာ ဆိုလာနဲ့ အီလက်ထရွန်နစ်ထုတ်ကုန်တွေ ပါဝင်ပြသမှာဖြစ်ပြီး အသစ်ထွက်လာတဲ့ ဆိုလာနည်းပညာ အသစ်ကို ပြသချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ ကုန်စည်ပြပွဲ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊ ကုန်စည်ပြပွဲမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၈၀ ကျော်ဟာ ဆိုင်ခန်းပေါင်း ၁၅၀ နဲ့ ခင်းကျင်း ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊