စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြိုနယ်၊ ပိုးစာကုန်းကျေးရွာမှာ နှစ်စဉ်ကျင်းပတဲ့ မဟာ မုနိဗုဒ္ဓပူဇနိယဘုရားပွဲတော် နဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မတ်လ ၁၁ရက် နေ့လယ် ၂နာရီက ဖွင့်လှစ်ခဲ့ပါတယ်။

အုပ်စုပွဲစဉ်အဖြစ် ရောင်နီအသင်းနှင့် ဗိုလ်အောင်ဒင်အသင်း၊ ဇင်ယော်အသင်းနှင့် အောင်မင်းအသင်း၊ မိုးကြိုးမုန်တိုင်းအသင်းနှင့် ဂန္တဝင်အသင်းတို ယှဉ်ပြိုင်လှော်ခတ်ကြပြီး ပြိုင်ပွဲဝင် ၁၃သင်းကို အုပ်စုလိုက်ယှဉ်ပြိုင်စေကာ မတ်လ၂၃ရက်မှာ ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြှင့်မှာဖြစ်တယ်လိုလှေလှော်အားကစားဖြစ်မြောက်ရေးကော်မတီ ထံကနေ သိရပါတယ်။ဆုအဖြစ် ပထမဆုကျပ် ၁၀သိန်း၊ ဒုတိယဆုကျပ် ၇သိန်းနဲ့ တတိယဆုကျပ် ၅သိန်း ချီးမြှင့်သွားမယ်လို ဆိုပါတယ်။