မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးမှာ အသုံးပြုနိုင်ဖို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချမယ့် ဆောက် လုပ်ရေး ပစ္စည်း ဈေးရောင်းပွဲတော်ကို လာမယ့် မေ ၁၂ ရက်ကနေ ၂၇ ရက်ထိ နေပြည်တော် တပေါင်းကွင်း မှာ ကျင်းပပြုလုပ်သွားဖို ရှိတယ်လို မြန်မာနိုင်ငံ သံ နှင့် သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီလွင်က ပြောပါတယ်။

မေလ ၃ ရက်က ရန်ကုန်မြို ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှာ ကျင်းပ ပြုလုပ်တဲ့ စံချိန်စံညွှန်း နှင့် ပြည့်မီသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ညှိနှိင်း ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့တာပါ။ဈေးကွက်ထဲမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ရှားပါးပြီးတော့ ဈေးနှုန်းကြီးမြင့်တာတွေရှိတဲ့အတွက် နိုင်ငံတော်က နေ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အဆင်ပြေလွယ်ကူစွာ ဝယ်ယူလို ရအောင် နေပြည်တော်မှာ ပထမဆုံးအကြိမ် ဆောက် လုပ်ရေး ပစ္စည်းဈေးရောင်းပွဲတော် ကျင်းပပြုလုပ်တာ ဖြစ်တယ်လို ဒေါက်တာ ကေသီလွင်က ပြောပါတယ်။ ဈေးရောင်းပွဲတော်ကတော့ မေလ ၁၂ ရက်ကနေ၂၇ ရက်ထိ နှစ်ပတ်ကျော်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်းတိုမှာလည်း ကျင်းပပြုလုပ်သွားဖို စီစဉ်နေတာ ရှိတယ်လို ဆိုပါတယ်။

ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်မှာတော့ ပစ္စည်းတွေကို အဝယ်အော်ဒါရှိသလောက် ပစ္စည်းရှိသလောက် ရောင်းချပေးမှာ ဖြစ်တယ်လိုလည်း ဒေါက်တာ ကေသီလွင်က ဆက်ပြောပါတယ်။ လက်ရှိမှာတော့ သံ နဲ့ သံမဏိ ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း အမျိုးပေါင်း (၂၁) မျိုးရှိပြီး မန္တလေး မြေငလျင်ကြီး လှုပ်ခတ်မှုအပြီးမှာတော့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ အဓိက အစိတ်အပိုင်းကို ထိခိုက်မှု မရှိစေ ဖို သတ်မှတ်ထားတဲ့ သံ နဲ့ သံမဏိ စံချိန်စံညွှန်း တွေအတိုင်း လိုက်နာဖို အစီအစဉ်တွေ စတင်ဆောင် ရွက်နေပြီ ဖြစ်တယ်လိုလည်း သိရပါတယ်။