ထိုင်းကုန်စည်ပြပွဲ (THAI EXPO YANGON 2025)ကို ဇွန်လ(၆)ရက်ကနေ(၈)ရက်အထိ ရန်ကုန်မြိုရှိ Yangon Convention Center(YCC)မှာ (၃)ရက်တိုင်တိုင် ကျင်းပနေပါတယ်။မြန်မာလူမျိုးတွေအနေနဲ့ ထိုင်းကုန်ပစ္စည်းတွေကြိုက်နှစ်သက်ကြတဲ့အတွက် အရည်အသွေးမြင့်ထုတ်ကုန်တွေကိုဈေးနှူန်းချိုသာစွာဝယ်ယူနိုင်ဖိုရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လိုဆိုပါတယ်။

ပြပွဲမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကအစားအစာတွေ၊ ထိုင်းနိုင်ငံထုတ် အဖျော်ယမကာတွေ၊ အဝတ်အထည်တွေ၊ အလှကုန်၊ ကားအရောင်းပြခန်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ပညာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းတွေရောင်းချတဲ့ ပြခန်းတွေ ပါဝင်ပါတယ်။ပြပွဲကို အာဆီယံဈေးကွက်အတွင်း လူကြိုက်များတဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီကြီးတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေက ကိုယ်စားလှယ်တွေလည်း လာရောက်ကြတယ်လိုသိရပါတယ်။ပြပွဲမှာ နေ့ရက်တွေအလိုက်နာမည်ကြီးအဆိုတော်တွေကလည်းလာရောက်ဖျော်ဖြေမှုတွေလုပ်မှာဖြစ်သလို ဘန်ကောက်အသွားအပြန်ကံစမ်းမဲလက်မှတ်တွေကိုလည်းမဲဖောက်ပေးသွားမှာဖြစ်တယ်လိုသိရပါတယ်။