(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ညဈေး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီက ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ညဈေး မုခ်ဦးမှာ ကျင်းပပါတယ်။ ညဈေးမုခ်ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့တွေက ရိုးရာအက အလှတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

အခုလို ညဈေးဖွင့်လှစ်လိုက်တဲ့အတွက် စားသောက်ဖွယ်ရာတွေကို စည်းကမ်းတကျ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ပြည်သူတစ်ယောက်က ပြောပါတယ်။တာချီလိတ် ညဈေးကိုတော့ နယ်စပ်မြို့ တစ်မြို့ရဲ့ အင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပစေဖို့၊ မြို့တွင်းယာဉ်ကြော ပိတ်ဆို့တာတွေ မဖြစ်ပေါ်စေဖို့ ခရီးသွားလုပ်ငန်းအထောက်အကူပြုစေဖို့နဲ့ လမ်းဘေးပျံကျဈေးသည်တွေ စည်း ကမ်းတကျ ရောင်းချနိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါ။