ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာမီဒီယာနဲ့ဖျော်ဖြေရေးညီလာခံ(WAVES-2025)ကို မေလ(၁)ရက်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြိုမှာရှိတဲ့ ဂျေရိုကမ္ဘာ့ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေပါတယ်။ အဲဒီကမ္ဘာလုံးဆိုင်ရာမီဒီယာနဲ့ ဖျော်ဖြေ ရေးညီလာခံကို “အိန္ဒိယဟာ ဆန်းသစ်တီထွင်မှုရဲ့ ဗဟိုချက်ဖြစ်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျင်းပတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်နေ တာပါ။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံ(၇၅)နိုင်ငံက ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီး အကဲတွေ၊ မူဝါဒချမှတ်သူတွေ၊ မီဒီယာ တွေနဲ့ ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်သူတွေနဲ့ အိန္ဒိယနိုင်ငံက နာမည်ကြီး အနုပညာရှင်တွေလည်း အဲဒီညီလာခံကို တက်ရောက်နေကြပါတယ်။ ညီလာခံ ကျင်းပရတာက မီဒီယာနဲ့ဖျော်ဖြေရေးကဏ္ဍတိုရဲ့ အခွင့် အလမ်းတွေ ရှာဖွေဖို၊ စိန်ခေါ်မှုတွေကို ဖြေရှင်း နိုင်ဖိုနဲ့ မီဒီယာနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေရဲ့ အနာဂတ်ကို ပုံဖော် နိုင်ဖိုအတွက် ရည်ရွယ် ကျင်းပတာဖြစ်ပါတယ်။ ညီလာခံကိုတော့ မေလ(၁)ရက်ကနေ (၄)ရက်အထိ ကျင်းပသွား မှာပါ။

လေးရက်ကြာ ကျင်းပမဲ့ ညီလာခံမှာ တက်ရောက်လာသူတွေက ကမ္ဘာ့လုံးဆိုင်ရာမီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်း နယ်ပယ်ကဏ္ဍအားလုံးက သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပေါင်းစည်းမှုတွေကတစ်ဆင့် ဆန်းသစ်တီထွင်မှုနဲ့ တိုးတက်မှုတွေကို ပူးပေါင်း ဆောင်ရွက်ဖို ၊အဲဒီနောက် ခိုင်မာတဲ့ မိတ်ဖက်တွေအဖြစ် သတ်မှတ်ပြီး နယ်ပယ်သစ် တွေကို ဖွင့်လှစ်ပေးနိုင်ဖို၊ နိုင်ငံနယ်နမိတ်တွေကို ကျော်လွန်လာတဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေအပေါ် အပြန်အလှန် နားလည်းပြီး ပြုစုပျိုးထောင်ဖို စတဲ့အချက်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို သိရပါတယ်။