မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ် ခံစားခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပဒေသာ ကပွဲအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်က အနုပညာရှင်တွေအနေနဲ့ ဇာတ်တိုက်လေ့ကျင့်တာနဲ့ တေးသီချင်း သီဆို လေ့ကျင့်တာတွေ ကြိုတင်လေ့ကျင့်နေတယ်လို့ သိရပါတယ်၊၊ရန်ပုံငွေပဒေသာကပွဲကြီးအတွက် မေလ ၈ ရက်က အမျိုးသားကဇာတ်ရုံ(ရန်ကုန်)မှာ ရုပ်ရှင်၊ ဂီတ၊ သဘင်က အနုပညာရှင်တွေစုပေါင်းပြီး လေ့ကျင့်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်၊၊

ရန်ပုံငွေပဒေသာကပွဲကြီးရဲ့ ပထမဆုံးကျင်းပမယ့်ရက်ဖြစ်တဲ့ မေလ ၁၀ ရက်မှာ ရုပ်ရှင်အနုပညာရှင်တွေက အရင် ဆုံး ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး မေလ ၁၁ ရက်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံးက နိုင်ငံတော် တေးသံရှင် တွေက ဖျော်ဖြေသွားမှာပါ။ နောက်ဆုံနေ့ဖြစ်တဲ့ မေလ ၁၂ ရက်မှာတော့ သဘင်အနုပညာရှင်တွေက ဖျော်ဖြေ တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊အဲဒီ ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ မေ ၁၀ ရက် ကနေ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါ တယ်၊၊

လက်ရှိအချိန်ဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးနိုင်ဖို့ အနုပညာရှင်တွေအနေနဲ့ ကြိုးပမ်းပေးရမှာ ဖြစ်တယ်လို့ ပြန်ကြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားထားပါတယ်၊၊