ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် Apparel Sourcing Paris 2025 ပြပွဲမှာ Made in Myanmar ထုတ် ကုန်တွေ ပါဝင်ပြသချင်တဲ့ အသင်းဝင်စက်ရုံတွေ လိုက်ပါပြသဖို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်း(MGMA)က ဖိတ်ခေါ်ထားပါတယ်။အဲဒီပြပွဲကို ပါရီမြို့မှာ တစ်နှစ်ကိုနှစ်ကြိမ် ကျင်းပလေ့ရှိပြီး ဖက်ရှင်လုပ်ငန်းက ပြပွဲပြသသူတစ်ထောင် ကျော် ပါဝင်ပြသတဲ့ပွဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဥရောပဝယ်လက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် မြန်မာပြခန်းအနေနဲ့ ၂၀၂၂ ခုနှစ်ကစပြီး ပြပွဲမှာဝင်ရောက်ပြသနေတာဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် Apparel Sourcing Paris 2025 ပြပွဲမှာ ပြခန်းပြသချင်တဲ့စက်ရုံတွေအနေနဲ့ ပြခန်းကုန်ကျ ငွေကို စရိတ်မျှခံစနစ်နဲ့လိုက်ပါနိုင်ပြီး ပြပွဲလေ့လာသူတွေအနေနဲ့ Registration fees ပေးသွင်းကာ လိုက်ပါနိုင်တယ်လို့ သိရပါတယ်။ပြပွဲလိုက်ပါချင်တဲ့စက်ရုံ ၊ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်ခ ၊ ဗီဇာလျှောက်ထားတာ၊ ဟိုတယ်ခနဲ့ ကိုယ်ပိုင်အသုံးစရိတ်တွေကို ကုန်ကျခံနိုင်ရမှာဖြစ်ပြီး မေလ ၃၁ ရက် နောက်ဆုံးထား စာရင်းပေး သွင်းရမယ်လို့ ဆိုပါတယ်။

Apparel Sourcing Paris 2025 ပြပွဲကို စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ပဲရစ်မြို့မှာရှိတဲ့ Paris Le Bourget ,France မှာ ကျင်းပမှာ ဖြစ်ပါတယ်။အဲဒီပြပွဲဟာ ကမ္ဘာတစ်ဝန်းက စီးပွားဖြစ်ဝယ်ယူသူတွေအတွက် အခြေခံပစ္စည်းတွေကစပြီး အဆန်းသစ် ဆုံးနဲ့ အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်တွေအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။