(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရောယောဂနေ့ အထိမ်းအမှတ်နေ့အခမ်းအနားကို ဇွန်လ ၂၁ ရက် မနက်ပိုင်း က ရန်ကုန်မြို ၊ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) မှာ ကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြီးမှူးကျင်းပတာပါ။

ယောဂဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ကို သဟဇာတဖြစ်အောင် ဆောင်ရွက်တဲ့လေ့ကျင့်စဉ်တစ်ခုဖြစ်ပြီး အခုလိုယောဂ ကို စိတ်ပါဝင်စားဆောင်ရွက်နေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H. E. Mr. Abhay Thakur ကပြောပါတယ်။ အဲဒီအခမ်းအနားကို အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲဝင်တွေ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H. E. Mr. Abhay Thakurနဲ့ သံရုံး တာဝန်ရှိသူတွေ ၊ ယောဂဆရာမတွေနဲ့ ယောဂကိုစိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရောယောဂနေ့ အထိမ်းအမှတ်နေ့အခမ်းအနားမှာ တက်ရောက်လာသူတွေကို ယောဂဆရာမ Ankita Sood က သရုပ်ပြသလေ့ကျင့်ပေးခဲ့ပါတယ်။

ယောဂလေ့ကျင့်ခန်း ဟာ အသက်အရွယ်မရွေး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ နိုင်ငံတကာအသိ အမှတ်ပြု လေ့ကျင့် ခန်းတစ် ခု ဖြစ်ပြီး ပုံမှန်ဆောင်ရွက်မယ်ဆိုရင် အသက်ပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာနိုင်မှာဖြစ်တယ်လို သိရပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့သူတစ်ဦးချင်းစီ ကျန်းမာရေးကောင်းနေမှ ကမ္ဘာတစ်ခုလုံးကျန်းမာရေးကောင်းမွန်မှာြဖစ်လို့ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရောယောဂနေ့ရဲ့ ဆောင်ပုဒ်ကို ကမ္ဘာတစ်ခုအတွက်ကျန်းမာတစ်ခုလို့ ပေးထားတယ်လို့ စဝါမီ ဗီဗေခါနန် ယဉ်ကျေးမှုစင်တာရဲ့ ဒါရိုက်တာ ဒေါက်တာအာရှစ်ရှ်ကေခန်ဒါဝေ က ပြောပါတယ်။ဇွန်လ ၂၁ နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာယောဂနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကျင်းပကြတယ်လို့ သိရပါတယ်။