မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေး ပွဲကို ဇွန် ၁ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ကျင်းပပါတယ်။ဆွေးနွေးရာမှာ နှစ်နိုင်ငံမီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ် ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မြဲအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောပါတယ်။

အဲဒီအပြင် မန္တလေးငလျင်ကြီးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ မီဒီယာတွေက ကမ္ဘာ့အနှံ့သိရှိအောင် အချိန်နဲ့တစ်ပြေး ညီ မျှဝေပေးခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ များစွာ အထောက် အပံ့ဖြစ်ခဲ့တယ်လို့လည်း ဒုတိယဝန်ကြီး ဦးရဲတင့်က ဆက်ပြောပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Ms. Cao Jing (မစ္စ ကောင်းကျင်)က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားပြီး မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲကို သုံးလ တစ်ကြိမ် ကျင်းပလေ့ရှိကာ နှစ်စဉ် မြန်မာမီဒီယာ မိတ်ဆွေတွေကို တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်နဲ့ မွမ်းမံ သင်တန်းတွေ စီစဉ်ပေးပြီး မြန်မာ့နယ်ပယ်အသီးသီးကို စစ်မှန်တဲ့ တရုတ်နိုင်ငံရဲ့ပုံစံကို ပြသနေတယ်လို့ ပြောပါတယ်။

အဲဒီနောက် မီဒီယာပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ် ပြည့်မြောက်ခြင်းကို အခွင့်အလမ်းအဖြစ် သဘောထားပြီး တရုတ်အသွင်ပုံစံ ခေတ်မီမှုနဲ့ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး၊ သံတမန် ဆက်ဆံရေး၊ မီဒီယာကဏ္ဍအတွက် အခွင့်အလမ်းသစ်တွေ ယူ ဆောင်လာပေးရေး စတဲ့ ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်၊၊