မေလ(၁၈)ရက်ကနေ မေ(၂၀)ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြီးနိုင်တယ်လို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

မေလ(၁၈)ရက်၊မြန်မာစံတော်ချိန် ညနေ(၄)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွေမှာ လေထုမငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်တာ၊ မုတ်သုံလေဆက်ပြီး ဝင်ရောက် လာနိုင်တာ၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းလာတာတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အများအပြားမှာ နေရာစိပ်စိပ်ကနေ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ ၊မိုးသီးကြွေတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင် ပါတယ်။ အဲဒါကြောင့်ဒေသမှာ နေတဲ့သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းအနီးနေတဲ့သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖိုနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိထားကြဖို အသိပေးထုတ်ပြန်ထားပါတယ်။