စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပဖို့ရှိနေတဲ့ နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က နိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါ တယ်။အဲဒီ နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုမီးသတ်တပ်ဖွဲ့ဝင်တွေက တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲနဲ့ အဖွဲ့အလိုက်စွမ်းရည်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေထဲက ထူးချွန်တဲ့ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ယောက် ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ (၂၀၂၃)ခုနှစ်က စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ နိုင်ငံတကာမီးသတ်စွမ်းရည် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် (၂၀၂၄)တုန်းကလည်း မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Best Team Leader ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။