နာမည်ကျော် တေးသီချင်းတွေ ရေးသားခဲ့တဲ့ တေးရေးဆရာ နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို သန်လျင်မြိုနယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို သူရဲ့ မိသားစုဝင် တစ်ယောက်က ပြောပါ တယ်။

သူကွယ်လွန်သွားတဲ့အပေါ် နာရေးအစီအစဉ်ကို ဘယ်လို ပြုလုပ်သွားမလဲဆိုတာတော့ မိသားစုဝင်တွေက ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။ တေးရေးဆရာ နိုင်မြန်မာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ကာ အမောဖောက်ပြီး နှလုံးလေဟပ်ကာ ကွယ်လွန်သွားတာလို ဆိုပါတယ်။

တေးရေးနိုင်မြန်မာ ကွယ်လွန်တဲ့အပေါ် ဂီတလောကတစ်ခုလုံး ဆုံးရှုးရသလို ခံစားရပါတယ်လို ဂီတမှူး နိုင်ဇော်က လူမှုကွန်ရက်ကတစ်ဆင့် ဝမ်းနည်းစကား ဆိုထားပါတယ်။ တေးရေး နိုင်မြန်မာဟာ ဝါဆို ၊ တခါက မြစန်းကြည်၊ ချစ်လူမိုက်၊ အခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို ကျန်ခဲ့ပြီ၊ ဒုံးယိမ်းည အစရှိတဲ့ နာမည်ကျော် တေးသီချင်းများစွာကို ဖန်တီးရေးသားခဲ့သူလည်း ဖြစ်ပါတယ်။