ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ (၂၀၂၅)ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ မြန်မာကစ်ဘောက်ဆင်ကစားသမား တွေအနေနဲ့ ဆုတံဆိပ်ရရှိဖို့ မျှော်မှန်ထားတယ်လို့ မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးဝဏ္ဏက ပြောပါတယ်။

မြန်မာအားကစားအဖွဲ့အနေနဲ့ ကစ်ဘောင်ဆင်ကစားနည်းကို ဆီးဂိမ်းမှာ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး လက်ရှိမှာ အားကစားသမားတွေကို စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ပထမဆုံးအကြိမ် ဝင်ပြိုင်တာဖြစ်ပေမဲ့ ဆုတံဆိပ်ရရှိဖို့ မျှော်မှန်ထားတယ်လို့ ဦးဝဏ္ဏက ပြောပါတယ်။ ဆီးဂိမ်းပြိုင်ပွဲဝင်မဲ့ အမျိုးသား ကစ်ဘောက်ဆင်အားကစားသမားတွေကို ရွေးချယ်ထားပြီး အမျိုးသမီး ကစ်ဘောက်ဆင်အားကစားသမားတွေအတွက် လူရွေးချယ်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကစ်ဘောက်ဆင် အမျိုးသမီးကစားသမား ရွေးချယ်မှုကို ဇွန်လ(၂၂)ရက်မှာ ရန်ကုန်မြို့ရှိ၊ သိမ်ဖြူရိုးရာလက်ဝှေ့ ခန်းမမှာ ရွေးချယ်သွားမှာဖြစ်ပြီး အဲဒီနေ့မှာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နဲ့ Myanmar Martial Art Group (MMAG)တို့ကြီးမှူးကာ 2025 Olympic Day Movement အနေနဲ့ ရိုးရာလက်ဝှေ့ကလပ်ပေါင်းစုံ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကိုပါ ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။