စာရေးဆရာကြီး ဦတင်မောင်ထွေး(နတ်ရေကန်)ဟာ ဇွန်၁၂၊ မနက်၆နာရီခွဲကျော်က ရန်ကုန်မြို့၊ ဂရန်းဟံသာအထူးကုဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဆရာကြီးရဲ့မိသားစုအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဆရာကြီးဟာ နတ်ရေကန်မဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေခဲ့သူဖြစ်ပြီး လူကြိုက်များတဲ့ မဂ္ဂဇင်းတစ်အုပ် ဖြစ်ခဲ့တာပါ။
ဒါ့အပြင် ဆရာကြီးဟာ နတ်ရေကန်ရွှေစောင်းဆုကို စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်နဲ့ အနုပညာရှင်တွေကို ပေးအပ်ခဲ့ပါတယ်။
အခု၂၀၂၄ခုနှစ်အတွက် နတ်ရေကန်ရွှေစောင်းဆုကို သရုပ်ဆောင် ထူးခန့်ကျော်ကို ပြီးခဲ့တဲ့မေလက ပေးအပ်ခဲ့ပါတယ်။
ဆရာကြီးဟာကွယ်လွန်ချိန်မှာ အသက်၉၂နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
