ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ LIFULL ArchiTech ဟာ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ဒေသတွေမှာ Instant House တွေ ထောက်ပံ့လှူဒါန်းသွားမယ်လို့ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်တဲ့ Tsukasa Yamanaka (ဆူကာဆာ ယာမ နာကာ)က ပြောပါတယ်။မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူတွေအတွက် အသင့်သုံး အိမ်တွေကို အသုံးပြုပြီး ပြည်တွင်း ဆောက်လုပ်ရေး ဖြစ် နိုင်ခြေကို အတည်ပြုနိုင်ဖို့ DRM (Diamond Rental Myanmar) ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စမ်းသပ် ဆောက်လုပ်တာကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်၊၊

လက်ရှိမှာ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့ပြီး အလှူရှင် တွေနဲ့အတူ ပူးပေါင်းကာ လိုအပ်သလောက် လှူဒါန်းသွားမယ်လို့ ဒါရိုက်တာ ဆူကာဆာ ယာမနာကာ က ပြောပါ တယ်၊၊ Instant House တွေကို ဂျပန်နည်းပညာနဲ့ ပြုလုပ်မှာဖြစ်ပြီး မိသားစု ၇ ယောက်အထိ နေထိုင်လို့ရအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ငလျင်ဘေးသင့် ဒေသတွေအတွက် Instant House တွေကို အမြန်ဆုံးလှူဒါန်းသွားနိုင်အောင် ဆောင်ရွက်နေပြီး အတူပူပေါင်းလှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လာရောက်ပူးပေါင်းဆောင်ရွက် ပေးစေချင် တယ်လို့ ဒါရိုက်တာ ဆူကာဆာ ယာမနာကာ က ပြောပါတယ်၊၊