ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)ကို အမျိုးသားအနုပညာပြတိုက် အဖြစ် ခင်းကျင်းပြသသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သိရပါတယ်။အဲဒီအနုပညာပြတိုက်မှာ မြန်မာနိုင်ငံတစ်ဝန်းက ယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပြတိုက်ရဲ့အပေါ်ဘက်မှာ ပြခန်းပေါင်း ဆယ်ခန်းကျော် ပြသမှာဖြစ်ပြီး ခေတ်အလိုက်ပန်းချီကားတွေ ချိတ်ဆွဲသွား မယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းကပြောပါတယ်။နိုင်ငံအတွင်းမှာ အမျိုးသားပြတိုက်၊အမျိုးသားစာကြည့်တိုက်နဲ့အမျိုးသားဇာတ်ရုံတွေရှိပြီး အမျိုးသား အနုပညာ ပြတိုက်တစ်ခု မရှိသေးတဲ့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အနုပညာတွေကို ထိန်းသိမ်းစုဆောင်းပြသတာဟာ အနုပညာတန်ဖိုးကို သိရှိနားလည်စေဖို့နဲ့ အနုပညာလက်ရာ တွေကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။အမျိုးသားအနုပညာပြတိုက်အဖြစ် ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ(၁၆)ရက်က ပြုလုပ်ခဲ့တာြဖစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။