နိုင်ငံကျော်တေးသံရှင်တွေ ပါဝင်ဖျော်ဖြေမဲ့ Myanmar Countdown 2025 ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ နေပြည်တော်မှာ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ Myanmar Countdown 2025 လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်၊၊

ဖျော်ဖြေပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင်းရေးကွင်းမှာ ညနေ ၅ နာရီကနေ ည ၁၀နာရီအထိ ကျင်းပသွားမှာပါ။ပွဲတော်ရဲ့ ပထမဆုံးည ဒီဇင်ဘာ ၂၉ ရက်မှာ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez၊ Double J နဲ့ Team 143 တို့က ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ဒုတိယညဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်ညမှာလည်း နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နောနော်တို့က ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်၊၊

နောက်ဆုံးညဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်(နိုင်ငံတကာနှစ်သစ်ကူးည)မှာတော့ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire ၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ Project K၊ Awasome Boyz တို့နဲ့အတူ ထိုင်းနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊ဒီဖျော်ဖြေပွဲကြီးကို အများပြည်သူ အဆင်ပြေစွာကြည့်ရှုနိုင်ဖို့အတွက် ဝင်ကြေးအခမဲ့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။