နန်းတွင်းမဟာဂီတတွေကို ပြန်လည်စုစည်းပြီးရင် ယူနက်စကို ကိုတင်သွင်းနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင် သွားမယ်လို့ ဂီတမြို့ Music City Myanmar ရဲ့ တည်ထောင်သူ ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်က ပြောပါတယ်။မဟာဂီတကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိမှာ မဟာဂီတသီချင်းတွေကို အတော်များများ စုထားနိုင်ပြီ ဖြစ် တယ်လို့ ဆိုပါတယ်။

နန်းတွင်းခေတ်ကတည်းကရှိခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ မဟာဂီတဟာ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာဖျော်ဖြေဖို့ အခွင့် အလမ်း နည်းလာပြီး မဟာဂီတကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အခုလိုဆောင်ရွက်မှာ ဖြစ်တယ်လို့ ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်က ဆက်ပြောပါတယ်။မဟာဂီတသီချင်းတွေဟာ ကမ္ဘာမှာ အများနဲ့မတူတဲ့ သံစဉ်တွေဖြစ်တဲ့အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ခဲ့ရင် ကမ္ဘာက မြန်မာနိုင်ငံမှာ တကယ်ကောင်းမွန်တဲ့ ဂီတရှိတာကို သိရှိပြီး ဝိုင်းဝန်းထိန်းသိမ်းကြမယ်ဆိုရင် အကျိုး ကျေးဇူးများစွာ ရရှိမယ်လို့ ဆိုပါတယ်။မြန်မာတို့ရဲ့ ဆို ၊ က ၊ ရေး ၊ တီး ဆိုတဲ့ ဂီတာဟာ အနုပညာရိုးရာ ဖော်ထုတ်ရာမှာ အသက်ဖြစ်တယ်လို့ သိရပါတယ်။

ထီးနန်းစဉ်လာ မဟာဂီတဆိုင်ရာသီချင်းတွေမှာ သားချော့တေးတွေကို ဝိမ္ဗာသားကျူး ၊ ဝိမ္ဗာလွှဲချင်း ၊ ဧယဉ် တော်ကျူး စသည်ဖြင့် ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ယူနက်စကိုက နိုင်ငံအသီးသီးမှာ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ကော်မတီကို ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းပြီး မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ အဲဒီကွန်ဗင်းရှင်းကို ပါဝင် လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။