အမျိုးသားစာပေဆုရှင်၊ အကယ်ဒမီဆုရှင်၊ ဂီတပညာရှင်ကြီး အလင်္ကာကျော်စွာစန္ဒရားလှထွတ်ရဲ့ အနုပညာတွေ ကို ဘယ်သူမဆို စီးပွားရေးအရဖြစ်စေ ဒါမှမဟုတ် မည့်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ Youtube ၊ Digital Platform တွေနဲ့ Online Media တွေမှာ အပျော်တမ်း သီချင်းဆိုတာတွေကလွဲပြီး လုပ်ကိုင်ဆောင်ရွက် နေရာမှာ ခွင့်ပြုချက်မရယူဘဲ လုပ်ဆောင်တာတွေ မပြုလုပ်ဖို့ တားမြစ်ကန့်ကွက်ကြောင်း ဇန်နဝါရီ(၁၀)ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေးကြေညာထားပါတယ်။

စန္ဒရားလှထွတ် သက်ရှိထင်ရှားရှိစဉ်က ရေးစပ်၊ သီကုံး၊ သီဆို၊ တီးခတ်ခဲ့တဲ့ တေးသီချင်းတွေ၊ တေးသီချင်း စာသား တွေ၊ သံစဉ်တွေ၊ တီးလုံးတီးကွက်တွေ၊ စာအုပ်စာပေတွေအပါအဝင် အခြားသော အနုပညာလုပ်ငန်းရပ်တွေ၊ ဉာဏပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူမဆို စီးပွားရေးအရဖြစ်စေ ဒါမှမဟုတ် မည့်သည့်အကြောင်းကြောင်း ကြောင့်ဖြစ်စေ တရားဝင်ခွင့်ပြုချက်တစ်စုံတစ်ရာရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်တာတွေ မပြုလုပ်ဖို့ တားမြစ်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

အခုတားမြစ်ထားတာတွေကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း အသိပေးကြေညာထားပါတယ်။