ဂီတမြို့Music City Myanmar Summer Camp 2025 သင်တန်းဆင်းဖျော်ဖြေပွဲ နဲ့ ပန်းချီပြပွဲကို ဇွန်လ ၁ ရက်က ရန်ကုန်မြို အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ပန်းချီပြပွဲကို မနက် ၉နာရီကနေ ညနေ ၄နာရီထိ ပြုလုပ်ခဲ့ပြီး ဆရာ ဆရာမတွေရဲ့ ပန်းချီကားတွေ အပါအဝင် သင်တန်းသားကလေးငယ်တွေရဲ့ ပန်းချီကားတွေကိုလည်း ပြသခဲ့ပါတယ်။

ဂီတမြို Music City Myanmar Summer Camp 2025 သင်တန်းဆင်းဖျော်ဖြေပွဲကိုတော့ နေ့လယ်၂နာရီကနေ ၄နာရီအထိ ကျင်းပပါတယ်။ဂီတမျိုးစုံကို ကျယ်ကျယ်ပြန်ပြန့်ထိတွေ့ခွင့်ရရှိနိုင်ဖို၊ အနာဂတ်မှာ ဂီတနဲ့ပတ်သက်တဲ့ အရည်အချင်းရှိသူတွေ မွေးထုတ်နိုင်ဖို စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို ဂီတမြို Music City Myanmar ရဲ့ Founder ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်က ပြောပါတယ်။အဲဒိသင်တန်းဆင်းပွဲမှာ ပန်းချီ ၊ ဂစ်တာ၊ တယော၊ ပီယာနို သင်တန်းသား သင်တန်းသူ အယောက်၃၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ပြီး ဂီတဆရာ ဆရာမတွေ အပါအဝင် သင်တန်းသူ သင်တန်းသားတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ပန်းချီဟာ သဘာဝကို ချစ်မြတ်နိုးဖို ပိုမိုနီးစပ်ပြီး ပန်းချီအမြင်ရှိသူအတွက် လုပ်ငန်းခွင်မှာလည်း အထောက်အကူပြုနိုင်တယ်လို ဂီတမြို Music City Myanmar ကပန်းချီဆရာတစ်ဦးဖြစ်တဲ့ ပန်းချီကိုဆန်းက ပြောပါတယ်။
ဂီတမြို Music City Myanmar သင်တန်းကျောင်းတွေမှာ ဂစ်တာ ၊ တယော ၊ ပီယာနို ၊ အဆို ၊ မြန်မာအက ၊ စောင်း ၊ပတ္တလားနဲ့ ပန်းချီပညာ တွေကို သင်ကြားပေးနေပြီး တစ်လကို သင်တန်းကြေး ၁သိန်း-၂သောင်း သတ်မှတ်ထားတယ်လိုသိရပါတယ်။သင်တန်းကျောင်းတွေကို တောင်ဒဂုံမြိုနယ်၊ မြောက်ဒဂုံမြိုနယ်နဲ့ Junction မော်တင် တိုမှာ ဖွင့်လှစ်ထားတယ်လို သိရပါတယ်။