ထိုင်းနိုင်ငံမှာ Tomorrow Thailand 2026 EDM ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပသွားမှာဖြစ်ပြီး ဒါဟာ ထိုင်းနိုင်ငံအတွက် အထင်ကရမှတ်တိုင်ဖြစ်လာမယ့်အပြင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပထမ ဦး ဆုံးအာဆီယံနိုင်ငံဖြစ်လာမယ်လို့လည်း The Nation Thailand သတင်းမှာရေးသားဖော်ပြထားပါတယ်။

ကမ္ဘာကျော် အီလက်ထရွန်နစ်ဂီတပွဲတော်(EDM)ကြီးဖြစ်တဲ့ Tomorrowland ကို ၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ကျင်းပမယ့် ရက်ကို အတိအကျထုတ်ဖော်ပြောကြားထားတာမရှိသေးပေမယ့် ဇူလိုင်လ အတွင်းမှာ ကျင်းပသွားဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။Tomorrow Thailand 2026 ကျင်းပဖို့အတွက် ဝန်ကြီးချုပ် ပေထုံတန်နဲ့ Tomorrowland အမှုဆောင် တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဝန်ကြီးချုပ်ဟောင်း လက်ထက်က စတင်ခဲ့တဲ့ ဒီအစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။

ကျင်းပမယ့်နေရာကို အတိအကျမကြေညာသေးပေမယ့် ဘန်ကောက် သို့မဟုတ် ဖူးခက်မှာကျင်းပဖြစ်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ်။Tomorrow Thailand 2026 EDM ပွဲကြီးဟာ ထိုင်း နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ တစ်ဆင့် နိုင်ငံ့စီးပွားရေးကို တိုးမြှင့်ပေးနိုင်မယ့် အလားအလာ ကောင်းဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။အဆိုပါပွဲတော်ကနေ ကမ္ဘာအနှံ့က EDM ဝါသနာရှင်တွေကို ဆွဲဆောင်ဖို့ မျှော်လင့်ထားပြီးထူးခြားတဲ့ ဘန်ကောက်ရှိ တေးဂီအမျိုးအစားအစုံအလင်ကိုလည်း နားဆင်ခံစားနိုင်မှာဖြစ်တယ်။




