အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ရဲ့ ဦးဆောင်မှုနဲ့ Mekong Creative Film Festival ကို လာမယ့် အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေသိရပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်မှာ ရိုးရာအားကစားနဲ့အစားအစာတွေအကြောင်း ရုပ်ရှင်ဖန်တီးမှုဆိုင်ရာနဲ့ပတ်သက်ပြီး “မှတ်တမ်းရုပ်ရှင်ဖန်တီးသူလူငယ်များပျိုးထောင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လိုတဲ့လူငယ်တွေအနေနဲ့ စက်တင်ဘာ(၁၅)ရက်နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ အသက်(၁၈)နှစ်ကနေ (၂၅)နှစ်အတွင်းရှိသူ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ အင်္ဂလိပ်ဘာသာ စကားနဲ့တင်ပြဆွေးနွေးနိုင်သူ၊ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်၊ MTV ၊ TVC၊ မှတ်တမ်းရုပ်ရှင်အစရှိတဲ့ ရုပ်ရှင်ဖန်တီးမှု အတွေ့အကြုံရှိပြီး ဖန်တီးခဲ့တဲ့အတွေ့အကြုံနဲ့ အနုပညာလက်ရာကိုတင်ပြနိုင်သူလူငယ်တွေအနေနဲ့ ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လိုသူတွေနဲ့ လူငယ်ရုပ်ရှင်ဖန်တီးသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုတာပဲဖြစ်ဖြစ် လျှောက်ထားလိုတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်တယ်လို့သိရပါတယ်။