ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း Happy Monsoon & Back to School ပွဲတော်ကို မေ(၁၆)ရက်ကနေ (၁၈)ရက် အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က သိရပါတယ်။ ပွဲတော်ကျင်းပရတာက ကျောင်းပြန် တက်ရတော့မယ့် သားငယ်သမီးငယ်တွေနဲ့အတူ မိုးကာလကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပွဲတော်ရက်တွေအတွင်း ကလေးတွေအတွက် Baby Talent Show၊ ရင်သပ်ရှုမောဖွယ် မျက်လှည့်ပြကွက်တွေ၊ JOY Band ရဲ့ တေးဂီတဖျော်ဖြေ တင်ဆက်မှုတွေ၊ ချစ်စရာကောင်းတဲ့ ငှက်လိမ္မာလေးတွေနဲ့ ဓာတ်ပုံရိုက်ကူး တာတွေ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းက တိရစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထူးခြားချက် လေးတွေနဲ့ အထွေထွေဗဟုသုတတွေကို ဆွေးနွေးပြောပြပေးသွားမယ့် Talk Show အစီအစဉ်တွေ၊ ကလေးတွေ ပါဝင်လို့ရမယ့် ဂိမ်းအစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ဒါ့အပြင် လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူတွေအတွက် ကျောင်းသုံးနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက် ဖွယ်ရာတွေကို ရောင်းချပေးမယ့် ဈေးဆိုင်ခန်း များစွာလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။