မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံဂီတနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေ ပွဲကို အခမဲ့လာရောက်ကြည့်ရှုနိုင်တယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကနေ သိရပါတယ်။
ဖျော်ဖြေပွဲကို ဇွန်လ၂၇ ရက် ညနေ ၅ နာရီကစပြီး ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာပါ။
လာရောက်ကြည့်ရှုလိုတဲ့ ပြည်သူတွေ၊ ဂီတအနုပညာရှင်တွေအနေနဲ့ ဝင်ခွင့်လက်မှတ်ကို မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၊ အမျိုးသားကဇာတ်ရုံနဲ့ မြို့နယ်ဂီတအစည်းအရုံးတွေမှာ ဇွန်လ ၂၄ ရက်ကနေ ၂၆ ရက်အထိ အခမဲ့ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
တေးဂီတဖျော်ဖြေပွဲကြီးမှာ နိုင်ငံကျော် တေးဂီတဝိုင်းတွေနဲ့အတူ နိုင်ငံကျော်တေးသံရှင်များစွာက သီဆိုဖျော်ဖြေ သွားမှာဖြစ်တယ်လို့ သိရပါတယ်။