အမျိုးသားစာပေဆုရှင် စာရေးဆရာမင်းချမ်းမွန် အမည်ရင်းဦးသိန်းစိုးဟာ ဒီဇင်ဘာ၂၈ရက်က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ဆရာမင်းချမ်းမွန်ဟာ ၁၉၉၀ ပြည့်နှစ်မှာ စာပေဗိမာန် လူငယ်စာပေဆုကို ရွက်သစ်သပြေ လူငယ်ဝတ္ထုတိုများ စာအုပ်နဲ့ ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ စာပေဗိမာန် ကဗျာပေါင်းချုပ်ဆုကို အရုဏ်ကြို အလင်းငှက်များ စာအုပ်နဲ့ ဆုရရှိခဲ့သည်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ သစ်ရွက်ပေါ်ကပျားရည်စက်များ ရသ အက်ဆေးစုစည်းမှုစာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဆရာမင်းချမ်းမွန်ဟာ ကွယ်လွန်ချိန်မှာ အသက်၇၅နှစ်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။