ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းကနေ (၁၂)လရာသီပွဲတော်များနှင့် ပန်းများ အထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ရောင်းချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအထူးထုတ် တံဆိပ်ခေါင်းအသစ်ကို နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ ဧပြီလ(၂၈)ရက်၊ တနင်္လာနေ့၊ မနက်(၉)နာရီခွဲကစတင်ပြီး တစ်ပြိုင်တည်းရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေး စာတိုက်ကြီးတွေမှာ ဧပြီလ ၂၈ ရက်၊ တနင်္လာနေ့မှာဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။