၂၀၂၅ ခုနှစ်နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လာမယ့်ဇန်နဝါရီလ(၁၅)ရက်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်သွားမယ့် အခြေအနေတွေနဲ့ပတ်သက်လို့ လဟယ်မြို့နယ် နာဂရိုးရာ စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခု က အခုလို ပြောပါတယ်။ဒါ့အပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကိုလည်း ခန္တီးမြို့နယ်မှာ ဇန်နဝါရီလ(၁၅)ရက်ကနေ (၁၇)ရက် အထိ (၃)ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီလ(၁၅)ရက်မှာ ကျရောက်မယ့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့် ကျောက်စိမ်းရတု အထိမ်းအမှတ် နာဂရိုးရာနှစ်သစ်ကူးအားကစားပြိုင်ပွဲဖွင့်ပွဲကိုလည်း ခန္တီးမြို့ နာဂရိုးရာအားကစားကွင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲတွေကို (၈)ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။