ရန်ကုန်မြို့ရဲ့ အထင်ကရ ပွဲဈေးတွေထဲကတစ်ခုဖြစ်တဲ့ လမ်းမတော်ပွဲဈေးကို ဒီဇင်ဘာ၂၇ ရက်ကနေ ၃၀ ရက်အထိ ကျင်းပဖို့ ပြင်ဆင်နေတာကိုတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

လမ်းမတော်ပွဲဈေးကို ကိုဗစ်ကာလကတည်းက မကျင်းပဖြစ်တာဖြစ်ပြီး အခုနှစ်မှာတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်ဆိုပြီး ကျင်းပဖို့ ဗီနိုင်းချိတ်ဆွဲထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလမတိုင်ခင်အထိ လမ်းမတော်ပွဲဈေးကို နှစ်စဉ်တန်ဆောင်မုန်းလမှာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်မှာတော့ ကိုဗစ်ကာလကတည်းက မကျင်းပဖြစ်တဲ့ ရေကျော်ပွဲဈေးကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လည် ကျင်းပခဲ့ပါတယ်။