Thai Festival 2024 in Yangon ပွဲတော်ကို ရန်ကုန်မြို့မှာ စက်တင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ Thai Festival in Myanmar ကနေသိရပါတယ်၊၊
အဲဒီပွဲတော်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ Junction City ပထမထပ် ပရိုမိုးရှင်းဧရိယာမှာကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲတော်မှာ ထိုင်းကုန်စည်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အစားအသောက်၊ ရုပ်ရှင်ပြပွဲ၊ ယဉ်ကျေးမှုနဲ့ တေးသီချင်းသီဆိုပွဲတွေပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံရှိ နာမည်ကြီးအနုပညာရှင်တွေသာမက မြန်မာနိုင်ငံရှိနာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်၊၊
Thai Festival 2024 in Yangon ပွဲတော်မှာတော့ ထိုင်း-မြန်မာ ကုမ္ပဏီတွေရဲ့ ဆိုင်ခန်းပေါင်း ၄၅ ဆိုင်ပါဝင်မှာဖြစ်ပြီး Junction City ကုန်တိုက်အတွင်းရှိ Market Place မှာလည်း ထိုင်းကုန်စည်တွေကို ပွဲတော်ကာလအတွင်း အထူးစျေးနှုန်းတွေနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊