ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တည်ဆောက်နေတဲ့ ရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင် နေတာတွေကို ရပ်တန့်ပြီး ပြန်လည်ဖျက်သိမ်းနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က သိရပါတယ်။ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးကျင်းပမဲ့ သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော် ခန်မးမရှေ့မှာ ရေကစားမဏ္ဍပ်တွေနဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်တာတွေ ကို ပြီးခဲ့တဲ့ မတ်လကတည်းက ဆောင်ရွက်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ်တွေ တည်ဆောက်ဖို့အတွက် လျှောက်လွှာတွေကို မတ်လ ၂၅ ရက်ကနေ ဧပြီလ ၇ ရက်အထိ လျှောက်ထားခွင့်ပြုထားခဲ့ပြီး လျှောက်လွှာထုတ်ယူတဲ့ ကုမ္ပဏီ ၇ ခုလောက် ရှိတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့သလို အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေတာတွေကို ပြန်လည်ဖျက်သိမ်းနေပြီး ရေကစားမဏ္ဍပ်တည်ဆောက်ဖို့အတွက် လျှောက်လွှာ ထုတ်ယူ ထားတဲ့ကုမ္ပဏီတွေကလည်း မဏ္ဍပ်တွေ မဆောက်ဖြစ်တော့ဘူးလို့ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အလားတူ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာလည်း သင်္ကြန်ပွဲတော် ကျင်းပဖို့ မရှိတော့ဘဲ အဆိုအကအတီးတွေမပါဘဲ ရိုးရာနဲ့အညီ စတုဒိသာအလှူတွေပဲ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို တီးမှုတ် ကခုန်မှုတွေမပါဘဲ အေးချမ်းစွာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ စီစဉ်သွားမယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သင်္ကြန်ပွဲတော်ကာလတုန်းက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ၃၃ မြို့နယ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက ရေကစားမဏ္ဍပ်တွေ တည်ဆောက်ပြီး သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ ကြပါတယ်။