မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး မန္တလေးမြို့၊ ၂၆လမ်းနဲ့ ၆၆လမ်းထောင့်မှာ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ည၆နာရီကစပြီး ကျင်းပသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှာ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ အုပ်စိုးခန့်၊ ဇော်ကို၊ မယ်လိုဒီ၊ ပိုပို၊ မေလသံစဉ်တို့နဲ့အတူ မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့၊ DJဖျော်ဖြေမှုတွေနဲ့ တင်ဆက်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဒီဇင်ဘာ၂၉ရက်ကနေ ၃၁ရက်အထိ သုံးရက်တာဂီတဖျော်ဖြေပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ဝင်ကြေးအခမဲ့နဲ့ ကျင်းပနေသလို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။