ဖူးခက်တောင်ပိုင်း ရာချာကျွန်းအနီးမှာ ကမ္ဘာလှည့်ခရီးတွေဆွဲဆောင်နိုင်ဖိုအတွက် ပထမဆုံးရေအောက်ပြတိုက်တည်ဆောက်တော့မှာဖြစ်ကြောင်း Phuket News သတင်းမှာ မှာဖော်ပြထားပါတယ်။ ဒါဟာ အရှေ့တောင် အာရှမှာ ပထမဆုံးသော ရေအောက်အနုပညာပြတိုက်ဖြစ်လာမယ့်အပြင် “ RAYA” Phuket – Underwater Art Museum အချက်အခြာတစ်ခုဖြစ်လာပြီး ကမ္ဘာအနှံကိုဆွဲဆောင်ဖိုလည်း ရည်မှန်းထားပါတယ်။

ပြတိုက်အတွင်း ထူးခြားတဲ့ ရေငုပ်အတွေ့အကြုံကို ပေးဆောင်မယ့်အပြင်သဘာဝသယံဇာတ သန္တာကျောက်တန်းအတုတွေပုံဖော်ထားရှိကာ အဏ္ဏဝါထိန်းသိမ်းရေးကို မြှင့်တင်ဖိုအတွက်လည်း ရည်ရွယ်ထားပြီး လာရောက်လည်ပတ်သူတွေအဖို ထူးခြားတဲ့အတွေ့အကြုံသစ်တွေပေးစွမ်းနိုင်မှာဖြစ်ပါတယ်။Phuket Art Association ကဦးစီးပြီး ဒေသတွင်း အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ရာမယဏဇာတ်ဝင်ခန်းက ဇာတ်ရုပ်တွေကို ရေအောက် ပန်းပုတွေအဖြစ် ဖန်တီးပြီး ဟာနုမန် ပန်းပုရုပ်ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလအတွင်းမှာ အပြီး တပ်ဆင်ဖန်တီးထုလုပ်သွားမှာဖြစ်ပါတယ်။ပြပွဲဆောက်လုပ် ပြီးစီးဖိုအတွက် အချိန် ၂ နှစ်ကနေ ၄ နှစ် နီးပါး ကြာမြင့်မှာဖြစ်ပြီး ပန်းပုရုပ်တု ၁၅ ချပ်ကျော် ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ရေအောက်အနုပညာပြတိုက်က ရေငုပ်သမားတွေကို ဆွဲဆောင်ရုံသာမက သက်ရှိအဏ္ဏဝါသက်ရှိတွေ နေထိုင်ရာအဖြစ်လည်းဖန်တီးပေးမှာဖြစ်သလို ဖူးခက် ခရီးသွားလုပ်ငန်းအတွက် အကျိုးသက်ရောက်မှုများစွာကိုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။” RAYA” Phuket – Underwater Art Museumက ကမ္ဘာပေါ်မှာ ၁၁ခုမြောက် ရေအောက်အနုပညာ ဆွဲဆောင်မှု ဖြစ်လာမယ့်အပြင် ဖူးခက် အတွက် ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖိုအတွက်အထင်ကရပြယုဂ်တစ်ခု ဖြစ်လာမယ်လို မျှော်လင့်ထားကြပါတယ်။