ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ၇ ရက် ထပ်မံတိုးမြှင့်လိုက်တယ်လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ကနေ သိရပါတယ်။

ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ ရက် ၃၀ တိုင်တိုင် ကျင်းပသွားဖို့ သတ်မှတ်ထားပေမယ့် အခုအခါ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ၇ ရက် ထပ်မံတိုးမြှင့် လိုက်တာဖြစ်ပါတယ်။ပန်းပွဲတော်မှာ မြေယာရှုခင်းပုံစံတွေ၊ ပြည်တွင်း၊ပြည်ပ ပန်းမျိုးစိတ်မျိုးစုံနဲ့ ဒေသပန်းမျိုးတွေပြသတဲ့ ဇုန်တစ်ဇုန် အပါအဝင် ဇုန် ၈ ဇုန် ပါဝင်ပြီး ရာသီပန်းမျိုးစိတ် ၂၀ ကနေ ၂၅ မျိုး၊ ဒေသပန်းမျိုးစိတ် ၁၅ မျိုးကနေ မျိုး ၂၀ စုစုပေါင်း ပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံကျော်တေးသံရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းတွေ၊ ဆိုင်ခန်းတွေနဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။