ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sky Starဟိုတယ်မှာ ဇန်နဝါရီ၃၁ရက်၊ ညနေပိုင်းက တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စတုဒိသာကျွေးမွေးလှူဒါန်းပြီး ခြင်္သေ့၊နဂါးအကအဖွဲ့တွေက ကပြဖျော်ဖြေခဲ့ကြပါတယ်။

စတုဒိသာကျွေးမွေးလှူဒါန်းပွဲကို Sky Starဟိုတယ်က ကြီးမှူးကျင်းပတာဖြစ်ပြီး စေတနာရှင်တွေလည်းပါဝင် ကျွေးမွေးလှူဒါန်းတာဖြစ်တယ်လို့ ဆိုပါတယ်။စတုဒိသာကျွေးမွေးလှူဒါန်းရာမှာ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကြာဆံချက်၊ ဆန်ပြုတ်၊ ရွှေရင်အေး၊ ရေခဲမုန့် စတာတွေအပြင် တခြားစားသောက်ဖွယ်ရာတွေကို ကျွေးမွေးလှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

စတုဒိသာကျွေးမွေးလှူဒါန်းပွဲကိုလာရောက်သုံးဆောင်ကြသူတွေကိုလည်း တရုတ်ရိုးရာ ခြင်္သေ့၊ နဂါးအကအဖွဲ့တွေက အကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့ကြတယ်လို့လည်း သိရပါတယ်။