မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေ ချီးမြှင့်ရာမှာ ဇာတ်ပို့ဇာတ်ရံတွေကို ချီးမြှင့်ရမယ့်ဆုတွေကို ဇာတ်ဆောင်တွေကို ချီးမြှင့်နေတာဟာ မဖြစ်သင့်ဘူးလို့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်အချို့က ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို(မုန်းခွင့်)ဇာတ်ကားနဲ့မေမြင့်မိုရ်၊ အမျိုးသားဇာတ်ပို့ ဆုကို(ရည်ရွယ်မိုး) ဇာတ်ကားနဲ့ နေဝင်း၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု(၂၀၁၉) ကို “လှပ်၍လွင့်သော” ဇာတ်ကားနဲ့ ခင်ဝင့်ဝါ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု(၂၀၂၀)ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ မေသဥ္ဇာဦး၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု(၂၀၁၉)ကို “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ ရွှေထူး၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု(၂၀၂၀)ကို “သောင်းတိုက်ကကြားစေသား” ဇာတ်ကားနဲ့ အုန်းသီးတို့က ရရှိခဲ့ကြတာပါ။

ဇာတ်ပို့ဇာတ်ရံအစစ်တွေကို ပေးရမယ့်ဆုတွေကို ဇာတ်ဆောင်တွေဖြစ်တဲ့ မင်းသားမင်းသမီးတွေ ရရှိနေတာက မဖြစ်သင့်ဘဲ ဆန်ခါတင်စာရင်းက ဇာတ်ကားတွေထဲမှာပါလာတဲ့ ဇာတ်ပို့တွေထဲက အကောင်းဆုံးဖြစ်တဲ့ သူတွေ ကိုပဲ ထိထိမိမိ ပေးစေချင်တယ်လို့ သရုပ်ဆောင်နိုင်လူက ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၃)ရက် ညပိုင်းက နေပြည်တော်ရှိ MICC(1)မှာကျင်းပခဲ့ပြီး အခု ၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ့် အကယ်ဒမီထူးချွန် ဆုချီးမြှင့်ပွဲကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ချီးမြှင့်မယ်လို့ ကနဦး သိရပါတယ်။

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်လျှောက်ထားသူတွေကို ပဏာမ လူတွေ့ စစ်ဆေးတာကိုလည်း ဒီဇင်ဘာလ(၁၅)ရက်၊ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးရှိ ရွှေရတုခန်းမမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထုတ်ပြန်ထားပါတယ်။