ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းမယ့် စာအုပ်စျေးရောင်းပွဲတော်ကို ဧပြီလ ၉ ရက်ကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ၊ မြေနီကုန်း ဒဂုံစင်တာ(၁)ရှေ့မှာ ကျင်းပနေတယ်လို့ သိရပါတယ်၊၊အဲဒီစာအုပ်စျေးရောင်းပွဲတော်ကို မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပြီး ဧပြီလ ၉ ရက်ကနေ ၁၁ ရက်အထိ ၃ ရက်တိုင်တိုင် မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်၊၊

စာအုပ်တွေကို စာအုပ်ထုတ်ဝေသူတွေ၊ ဖြန့်ချိသူတွေနဲ့ စေတနာရှင်တွေက ဝိုင်းဝန်းလှူဒါန်းခဲ့ကြပြီး လျှော့စျေး တွေနဲ့ ရောင်းချခဲ့ရာမှာ ဧပြီလ ၉ ရက်နေ့က စာအုပ်ရောင်းရငွေ ကျပ်(၁၉)သိန်း (၇)သောင်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်၊၊(၃)ရက်တာ စာအုပ်စျေးရောင်းပွဲတော်ကနေ ရရှိလာတဲ့ငွေတွေအားလုံးကို ငလျင်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေက ပြည်သူတွေအတွက် သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က လည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့လှူဒါန်းနိုင်ဖို့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှာ ၃ ရက်တိုင်တိုင် ရန်ပုံငွေပန်းချီပြပွဲ ပြုလုပ်ခဲ့ပါသေးတယ်၊၊