မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ် ခံစားခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်တွေ စုပေါင်းပြီး ရန်ပုံငွေပဒေသာကပွဲကြီးကို မေလ ၁၀ ရက်ကစပြီး ၃ ရက်တိုင်တိုင် အမျိုးသားကဇာတ်ရုံ(ရန်ကုန်)မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြန်ကြာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်၊၊

မေလ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှာ ကျင်းပတဲ့ မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ၊၊လက်ရှိအချိန်ဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးနိုင်ဖို့ အနုပညာရှင်တွေအနေနဲ့ ကြိုးပမ်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

အနုပညာရှင်တွေအနေနဲ့ နိုင်ငံတော်မှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့ အခါတိုင်း မိမိတို့တတ်ကျွမ်းတဲ့ အနုပညာစွမ်းအားနဲ့ ရန်ပုံငွေအတွက် ပါဝင်ကူညီခဲ့တာတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပြီး အနုပညာရှင်တွေဟာ ပြည်သူတွေကို အနုပညာနဲ့ ဖမ်းစားနိုင်တာကြောင့် ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပျော်ရွှင်တက်ကြွစေပြီး စိတ်ခွန်အားဖြည့်ပေးစေလို့တယ်လို့လည်း ပြောပါတယ်၊၊
အဲဒီ ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ မေ ၁၀ ရက် ကနေ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊