SEA International Film Festival 2024 ရုပ်ရှင်ပွဲတော်မှာ ကံကောင်းရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးဆု ၃ ဆုရရှိခဲ့တယ်လို့ သိရပါတယ်၊၊

အဲ့ဒီဇာတ်ကားကနေ ရရှိခဲ့တဲ့ဆုတွေကတော့ အကောင်းဆုံးထုတ်လုပ်သူဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆုတွေစတဲ့ ဆုတွေကို ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊
ကံကောင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ မြန်မာနိုင်ငံအပြင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရုပ်ရှင်ပြသခွင့်ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် အဲ့ဒီရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုတွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်၊၊