ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်ကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲတော်ကို အာလိန်ငါးဆင့် မဟာဆေးဝင်္ကဘာ ကျောင်းတိုက်ရှေ့မှာ လာမဲ့ ဇန်နဝါရီလ(၇)ရက်ကစပြီး ငါးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်မှာ ဆိုင်ပေါင်း(၂၇၀)ကျော် ပါဝင်မှာဖြစ်ပြီး အင်းစိန်ပန်းခြံမီးပွိုင့်ကနေ ဇိအုန်ကုန်း မှတ်တိုင် အထိ လမ်းတစ်လျှောက် ဆိုင်တွေခင်းကျင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်ကျောင်းတိုင်မှာ နှစ်စဉ်နှစ်တိုင်း ကရင်နှစ်သစ်ကူးပွဲတော်နဲ့ ဒုံးအကပြိုင်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။ အခုကျင်းပမဲ့ ဈေးရောင်းပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲကိုတော့ ကျောင်းတိုက်က ကျင်းပတာ မဟုတ်ဘဲ အင်းစိန်မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေ ဦးစီးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။